CREATiVE

WEB STUDIO

PROGRESSIVE WEB TECHNOLOGY

OUR WORKS

Lu Ngae Ah Man

PROJECT DETAILS

၁၉၇၆ ခုနှစ်တွင် နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် သမဝါယမဝန်ကြီးဌာနဝန်ကြီး၊ လယ်ယာနှင့် သစ်တောဌာနဝန်ကြီး၊ အမှတ် (၁) စက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့် ပဲခူးတိုင်း ဒေသပါတီကော်မတီ ဥက္ကဌတို့၏ ညှိနှိုင်း သဘောတူညီချက်အရ နိုင်ငံတော်က ဒုတိယမဏ္ဍိုင် သမဝါယမကဏ္ဍမှ စံပြသမဝါယမ လယ်ယာအဖြစ် သစ်တော ကြိုးဝိုင်းမြေကို ပယ်ဖျက်ကာ ဘွဲ့ရလူငယ် (၁၃) ဦး စုစည်း၍ လုပ်ခွင့်ရမြေ (၈၄ဝ) ဧကဖြင့် စတင်ဖွဲ့စည်းလုပ်ကိုင်ခဲ့ပါသည်။ (က) ဖွဲ့စည်းသည့်နေ့ - (၁.၆.၁၉၇၆) ၁၉၇ဝ သ/မအသင်းဥပဒေ (၁၂.၇.၁၉၉၃) ၁၉၉၂ သ/မအသင်းဥပဒေ (ခ) မှတ်ပုံတင်အမှတ် - ဃ-၁ – လထ / ဖြူး (ပဲခူးတိုင်း) (ဂ) တည်နေရာ - ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကျီးမနိုး ကျေးရွာအုပ်စု။ ရန်ကုန်မှ (၁၃၈) မိုင်၊ (၅) ဖာလုံ။ ဖြူးမြို့မှ တောင်ဘက် (၃) မိုင်အကွာတွင် ရှိသည်။ (ဃ) အသင်းသားဦးရေ - အမြဲတမ်းအသင်းသား (၁၈) ဦး ၊ အကြိုအသင်းသား (၄ဝ) ဦး ၊ အရံ အသင်းသား (၄ဝ) ဦး (င) လုပ်ခွင့်ရမြေ - ၆၅ဝ ဧက (ယခင် ၈၄ဝ ဧက) (စ) မြေမျက်နှာသွင်ပြင် နှင့် မြေဆီလွှာအခြေအနေ - ပင်လယ်ရေမျက်နှာပြင်အထက် (၁၇ဝ)ပေ၊ လျှိုမြောင်၊ အနိမ့်အမြင့်ခြားနားသောမြေမျက်နှာပြင် (Rolling Topography) ဖြစ်သည်။ အများအားဖြင့်သဲ၊နုန်းမြေအမျိုးအစား (Sandy Loam)ဖြစ် ၍သဲကြော(Sand Pad) များရှိသည်။

TECHNOLOGY
  • HTML
  • CSS, CSS3
  • JQUERY
  • PHOTOSHOP & ILLUSTRATOR
www.lungaeahmanphyu.com